ယင်မှုပွဲတော်ကျင်းပရေးကော်မတီမှ ဖက်ရှင်ပြိုင်ပွဲအတွက် “Prize Sponsors”များ ခေါ်ယူခြင်း
စက်တင်ဘာလ (၁)ရက်နေ့တွင် ကျင်းပမည့် ဆင်ယင်မှုပွဲတော် ဖက်ရှင်ပြိုင်ပွဲတွင် ဝင်ပြိုင်ကြမည့် ပြိုင်ပွဲဝင် ဒီဇိုင်းဝါသနာရှင်များနှင့် လျှောက်လှမ်းမော်ဒယ်များအတွက် ဆင်ယင်မှုပွဲတော်ကျင်းပရေး ကော်မတီမှ “Prize Sponsors” များခေါ်ယူနေပြီဖြစ်ပါသည်။ ဘားအံမြို့ရှိ လုပ်ငန်းရှင်လူကြီးမင်းများအနေဖြင့် မိမိတို့၏ Brand (သို့) Product ကို ထိရောက်စွာ သိမှတ်စေမည့် အစီအစဉ်ကောင်းတစ်ရပ်ဖြစ်သည့်အတွက် ယခု အခွင့်အရေးကိုလက်လွတ်မခံဘဲ အမြန်ဆက်သွယ်နိုင်ပါသည်။
ဆင်ယင်မှုပွဲတော်ခေါင်းစဉ်အောက်တွင် ဘားအံမြို့မှ လူငယ်များနှင့် ရိုးရာဝတ်စားဆင်ယင်မှု ဒီဇိုင်းကိုမြတ်နိုးသော လူထုအများဆင်နွဲမယ့်ပွဲတော်တွင် ဘားအံမြို့မှလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရဲ့ ထုတ်ကုန်များအား “Prize Sponsors” အနေဖြင့် ပါဝင်ခြင်းဖြင့် မိမိတို့၏စိတ်ဝင်တစားပံ့ပိုးမှုကို ကရင်ရိုးရာ ဆင်ယင်မှုပွဲတော်တွင် သက်သေပြနိုင်ပါပြီ။
မှတ်ချက် – ဆင်ယင်မှုပွဲတော်သည် စီးပွားရေးဆိုင်ရာအကျိုးအမြတ်တစ်စုံတရာကို မျှော်ကိုးသည့် အစီအစဉ်တစ်ခုမဟုတ်ပါ။ ကရင်ရိုးရာအဆင်အကွက်ဝတ်စုံဒီဇိုင်များကို အားပေးရန်၊ ထိန်းသိမ်းရန်နှင့် ထပ်ဆင့်တီထွင်ထုတ်လုပ်မှုများ ပေါ်ပေါက်လာစေရန် ယခုပွဲကိုစီစဉ်ကျင်းပခြင်းဖြစ်ပါသည်။ ထိုပွဲတော်အား စိတ်ဝင်စားပံ့ပိုးလိုသော လုပ်ငန်းရှင်များအား ယခုပွဲတော်တွင် ဝင်ရောက်ပါဝင်စေလိုသောကြောင့် ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
အသေးစိတ်သိရှိမေးမြန်းလိုပါက
ဖုန်းနံပါတ် – ၀၉၉၇၀၄၄၅၂၇၄ (သို့မဟုတ်)
thazinhpway@gmail.com ဒေါ်နော်သဇင်ဖွေး(Event Manager) ထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
ဆင်ယင်မှုပွဲတော် ကျင်းပရေး ကော်မတီ