ဆင်ယင်မှုပွဲတော်ရိုးရာအနုပညာထုတ်ကုန်စျေးရောင်းပွဲတော်တွင် ရောင်းချမည့် ဆိုင်များမှ တစ်ခုဖြစ်သည့် ပီတိ (တိုင်းရင်းသားရိုးရာနှင့်ပိုးထည်) ဆိုင်ကို မိတ်ဆက်ပေးပါရစေ။
ပီတိ (တိုင်းရင်းသားရိုးရာနှင့်ပိုးထည်) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်တွင် အဓိကအားဖြင့် ကရင်ရိုးရာဂျပ်ခုတ်ထည်၊ ကရင်ရိုးရာပိုးထည်၊ သဘာဝဆိုးဆေးချည်ပုဝါများ၊ ကရုင်ရိုးရာအမှတ်တရပစ္စည်းများကို ဂုဏ်ယူစွာ ရောင်းချပေးနေသည့် ဆိုင်တစ်ဆိုင်လည်းဖြစ်ပါသည်။ ဆင်ယင်မှုပွဲတော်တွင်လည်း ကရင်ရိုးရာပန်းချီရေးအထည်နှင့် အမှတ်တရပစ္စည်းများ၊ ကရင်ရိုးရာ ရက်ကန်းအကျႌ၊ ဂျပ်ခုတ်အကျႌ၊ ကရင်ရိုးရာ ချည်ပုဆိုး/ပိုးပုဆိုနှင့် သဘာဝဆိုးဆေး နှင့် ချည်ထည်အမျိုးမျိုးကိုလည်း စိတ်ဝင်စားဖွယ် ဂုဏ်ယူစွာဖြင့် ရောင်းချသွားမည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူမည်သူမဆို လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဆင်ယင်မှုပွဲတော်နှင့်ပတ်သတ်ပြီး “ကရင်ပြည်နယ် ဘားအံမြို့လို့ပြောလိုက်တာနှင့် ပတ်သတ်ပြီး မိမိတို့၏ ကရင်ရိုးရာအခြေခံ ထုတ်ကုန်များကို ရင်ထဲအမှတ်ရစေလိမ့်မည်ဟု မျှော်လင့်ပါတယ်” ဟု ပီတိ (တိုင်းရင်းသားရိုးရာနှင့်ပိုးထည်) ၏ Founder ကိုထွန်းနိုင်အောင် (ခ) ကိုပီတိမှ ပြောကြားသွားပါတယ်။
ဆင်ယင်မှုပွဲတော် ကျင်းပရေးကော်မတီ