ကောင်းကင်ပြာ (Karen Traditional Dress and Chiangmai Cotton)

ဆင်ယင်မှုပွဲတော်ရိုးရာအနုပညာထုတ်ကုန်စျေးရောင်းပွဲတော်တွင် ရောင်းချမည့် ဆိုင်များမှ တစ်ခုဖြစ်သည့် ကောင်းကင်ပြာ (Karen Traditional Dress and Chiangmai Cotton) ဆိုင်ကို မိတ်ဆက်ပေးပါရစေ။

ကောင်းကင်ပြာ အထည်ဆိုင်ကို၂၀၁၈ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ကရင့်ရိုးရာ လူးဘယ်ဂျပ်ခုပ်ထည်များ ရက်ကန်းထည်များနှင့် ယိုးဒယားချင်းမိုင်အထည်များရောင်းပြီး ဘားအံမြို့ရှိ လူငယ်များ၊ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများကြားတွင် ရေပန်းစားသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ယခု ဆင်ယင်မှုပွဲတော်တွင် ကရင့်ရိုးရာဂျပ်ခုပ်လက်ယက်ထည်တွေ၊ လက်ယက်ကန်းတွေ ယိုးဒယားချင်းမိုင်အထည်လေးတွေ handmadeလေးတွေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်

“ဒီဘက်မှာထုပ်လုပ်မှုနည်းပါလာပြီးဖြစ်တဲ့ ကရင့်ရိုးရာhandmadeတွေကိုအိမ်တွင်မှုလုပ်ငန်းအနေနဲ့ ပြန်လည်လုပ်ကိုင်လာအောင်ရှေးရိုးရာအဆင်တွေကိုပြန်လည်ယက်လုပ်ပြီးအမြတ်တနိုးတန်ဖိုးထားဝတ်ဆင်လာအောင် ပြီးတော့ခေတ်နဲ့အညီရိုးရာအဆင်တွေကို အဆင်ဆန်းလေးအရောင်ဆန်းလေးဖြင့် လူမျိုးမရွေး နေရာမရွေး ဝတ်ဆင်လို့ရနိုင်တယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အရည်အသွေးအကောင်းဆုံးယက်လုပ်ပြီး အောင်မြင်အောင်ကြိုးစားပြီး ဝယ်ယူသူတွေနှစ်သက်ကျေနပ်အားရမှုရှိအောင်ထုပ်လုပ်သွားမယ် လို့ရည်ရွယ်မျှော်မှန်းထားပါတယ်” လို့ ကောင်းကင်ပြာ (Karen Traditional Dress and Chiangmai Cotton) ၏ Founder နန်းနှင်းနွယ်အေးမှ ဆင်ယင်မှုပွဲတော် ဆင်ယင်ကျင်းပရေးကော်မတီကို ပြောကြားသွားခဲ့ပါတယ်။

ဆင်ယင်မှုပွဲတော် ဆင်ယင်ကျင်းပရေးကော်မတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: