Crown Souvenir & Gift Shop

ဆင်ယင်မှုပွဲတော်ရိုးရာအနုပညာထုတ်ကုန်ဈေးရောင်းပွဲတော်တွင် ရောင်းချမည့် ဆိုင်များမှ တစ်ခုဖြစ်သည့် Crown Souvenir & Gift Shop နှင့် မိတ်ဆက်ပေးပါရစေ။

ဘားအံမြို့ကို လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ၏နှုတ်ဖျားတွင် ရေပန်းစားသည့် ထုတ်ကုန်အမျိုးအစား စုံလင်လှသော အမှတ်တရလက်ဆောင်ဆိုင်လေးကို (29.6.2017) ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါသည်။ အဓိကရောင်းကုန်တွေက လက်မှုပစ္စည်းများ ရိုးရာနှင့်သက်ဆိုင်သောပစ္စည်းများ ရိုးရာပိတ်များဖြင့်ချုပ်လုပ်ထားသောအိတ်များ သစ်သားပစ္စည်းများ အုန်းသီးဖြင့်ပြုလုပ်ထားသောလက်မှုပစ္စည်းများ စက္ကူဖြင့်ဖန်တီးထားသောလက်မှုပစ္စည်းများ Handmadeဆွဲကြိုးများ လက်ပတ်များ နားဆွဲများ သော့ချိတ်အမျိုးမျိုး ရေခဲသေတ္တာမှာကပ်လို့ရသော အမှတ်တရ သံလိုက်ကပ်ပစ္စည်းလေးများ ချည်ပုဝါများ အစရှိတဲ့ Handmade ပစ္စည်းမျိုးစုံဖြစ်ပါသည်။

ပွဲတော်အတွင်းမှာတော့ ရိုးရာ Handmade ဆွဲကြိုးများ လက်ပတ်များ နားဆွဲများ သော့ချိတ်များ နှင့် အိတ်များ အုန်းသားဖြင့်ပြုလုပ်ထားသော လက်ဆောင်ပစ္စည်းလေးတွေရောင်းချပေးသွားပါမည်ဖြစ်ပါသည်။ “ဒီလိုဆင်ယင်မှုပွဲတော်လေးတွေလုပ်ပေးချင်းအားဖြင့် မိမိတို့ရဲ့ရိုးရာအဝတ်အစားဒီဇိုင်းများကို မကွယ်ပျောက်သွားအောင် တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးရာရောက်စေပီး တက်သစ်စသူငယ်များ၏အတွေးထဲမှာလဲ မိမိတို့၏ရိုးရာဒီဇိုင်းများဖြင့် ဖက်ရှင်ကျကျဝတ်ဆင်နိုင်တဲ့အတွေးလေးတွေဖြစ်ပေါ်လာစေနိုင်ပြီး ရိုးရာနဲ့ပတ်သတ်ပီးဝတ်စားဆင်ယင်မှုအတွက်များစွာအထောက်အကူဖြစ်စေနိုင်သောပွဲကောင်းပွဲမြတ်တစ်ပွဲဖြစ်စေနိုင်တယ်လို့မျှော်မှန်းယူစမိပါတယ်” ဆိုပြီး Crown Souvenir & Gift Shop ရဲ့ Founder ကိုအံ့ဘုန်းကျော်မှ ဆင်ယင်မှုပွဲတော် ပြင်ဆင်ကျင်းပရေးကော်မတီကို စကားလက်ဆောင် ပေးခဲ့ပါတယ်။

ဆင်ယင်မှုပွဲတော် ပြင်ဆင်ကျင်းပရေးကော်မတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s