ဆင်ယင်မှုပွဲတော် ပြိုင်ပွဲဝင်များ၏ အလှမယ်များအား အလှပြလျှောက်လမ်းတွင် လှပကျော့ရှင်းစွာ ပြသနိုင်ရန် Catwalk Trainer အဖြစ် ဝင်ရောက်အားဖြည့်ပေးမယ့်သူကတော့ အလှမယ်နန်းထက်ထက်လင်းဖြစ်ပါတယ်။
၂၀၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော Miss Tourism Global Queen အလှမယ်ပြိုင်ပွဲတွင် Winner တစ်ဦးဖြစ်သော နန်းထက်ထက်လင်းသည် Beauty Industry တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး တက္ကသိုလ်ကျောင်းသူဘဝမှစပြီး ကာယအလှမယ်ပြိုင်ပွဲများ၊ Modern Physique ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူတစ်ဦးဖြစ်ပါသည်။ Miss Universe Myawaddy winner ဆုကို ၂၀၁၇နှစ်ခုနှစ်တွင် ဆွတ်ခူးရရှိပြီး Miss Universe Myanmar 2017 ပြိုင်ပွဲကြီးတွင် Miss Body Perfect title ဆုကို ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်သည်။ ယခုတွင် ဘားအံမြို့ရှိ “Perfect Body” Gym ၏ Founder တစ်ဦးဖြစ်ပြီး တက္ကသိုလ်ကျောင်းမှ တက်သစ်စ အလှမယ်လေးများအားလည်း ပညာများလက်ဆင့်ကမ်းနေသော လေးစားဖွယ် လူငယ်အမျိုးသမီးတစ်ဦးဖြစ်ပါသည်။ ယခု Open History Project မှ ဦးဆောင်ကျင်းပသော ဆင်ယင်မှုပွဲတော်တွင် ဝင်ရောက်အားဖြည့်ကူညီသည့်အတွက် ပွဲစီစဉ်ကျင်းပရေးကော်မတီမှ အထူးဂုဏ်ယူမိပါသည်။
ဆင်ယင်မှုပွဲတော် စီစဉ်ကျင်းပရေးကော်မတီ