ဘားအံမြို့နေရာအနှံ့အပြားမှာ နေရာယူနေတဲ့ ဆင်ယင်မှုပွဲတော်ဗီနိုင်းစတစ်ကာများ
မကြာခင် စက်တင်ဘာလ (၁)ရက်နေ့တွင် ကျင်းပမယ့် ဆင်ယင်မှုပွဲတော်အကြောင်းကို လူမှုကွန်ရက်တွင် ကြော်ငြာရုံသာမက၊ ဘားအံမြို့ရှိ ဖက်ရှင်နှင့်ပတ်သတ်သည့်ဆိုင်များ၊ အလှပြင်ဆိုင်များနှင့် ယခုပွဲတော်ကို စိတ်ဝင်စားသည့်ဆိုင်များတွင် ချိတ်ဆွဲကြေငြာကာ လူထုအား အသိပေးလျက်ရှိပါသည်။
ဗီနိုင်းချိတ်ဆွဲမှုကို ဦးခန့်ဇော်အောင်၊ ဦးသန့်စင်နှင့် ကိုလွှမ်းမိုးအောင်တို့မှ တာဝန်ယူချိတ်ဆွဲပြီး နယ်ခံများကလည်း ဝိုင်ဝန်းကူညီတပ်ဆင်ပေးကြပါသည်။ ဆင်ယင်မှုပွဲတော်၊ လူထုအမှတ်သညာပွဲတော်နှင့်ပတ်သတ်သည့် လက်ကမ်းစာစောင်များဝေမျှပေးခဲ့ပြီး ပွဲတော်အကြောင်းများ ရှင်းလင်းဝေမျှကြပါသည်။ ဆင်ယင်မှုပွဲတော် ဗီနိုင်းစတစ်ကာများ ကပ်ခွင့်ပေးပါသော ဆိုင်များ၊ ခန်းမများနှင့် တာဝန်ရှိလူကြီးမင်းများ၊ ဝိုင်ဝန်းကူညီပေးတပ်ဆင်ပေးကြပါသော သူတစ်ဦးချင်းစီကို Open History Project မှ အထူးကျေးဇူးတင်ရှိပါသည်။
ယခုလာမည့် ဆင်ယင်မှုပွဲတော်တွင် ကရင်အဝတ်အစားဖက်ရှင်ပြိုင်ပွဲ၊ အနုပညာထုတ်ကုန် ဈေးရောင်းပွဲတော်နှင့် ကရင်ရိုးရာဒုံးယိမ်းအက၊ ဂီတဖျော်ဖြေမှုများနှင် တင်ဆက်ပြသသွားမည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူမည်သူမဆို လာရောက်ပါရန်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
မေးမြန်းလိုသည်များကို “Open History Project Hpa-an” Facebook Page တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
နေ့ရက် – သြဂုတ် ၃၁၊ စက်တင်ဘာ ၁ရက်၊ ၂၀၁၉
နေရာ – ကန်သာဦးခန်းမ
ဝင်ကြေး – အခမဲ့