ဆင်ယင်မှုပွဲတော် ဖျော်ဖြေရေးအစီအစဉ်

ယခု ဆင်ယင်မှုပွဲတော် ဖျော်ဖြေရေးအစီအစဉ်မှာ ဝင်ရောက်ဖျော်ဖြေမယ့် အဖွဲ့ကတော့  “ယှာလ်ုဖှုံ group” ဘဲဖြစ်ပါတယ်။

ဆင်ယင်မှုပွဲတော်နဲ့ ပတ်သတ်ပြီးတော့ “ခုလို လူထုအမှတ်သညာပွဲတော်ကျင်းပတဲ့ပွဲမှာ ကရင်ပြည်နယ်ရဲ့ ကျွန်မတို့မမှီခဲ့တဲ့ ကာလကပုံတွေကိုပြသမယ်လို့သိရပါတယ်။ ဒီလို ကျင်းပပေးတဲ့အတွက် အရင်ခေတ်ကျွန်မတို့ မသိခဲ့တဲ့ ကရင်ပြည်နယ်အကြောင်း ကရင်တွေအကြောင်း ကိုသိရမယ်။ ကိုယ့်တိုင်းရင်းသားရိုးရာ ချည်ထည်တွေနဲ့ ဆင်ယင်မှုပြိုင်ပွဲလုပ်တယ်ဆိုတော့ ကိုယ့် လူမျိုးရဲ့ ရိုးရာအဆင်တွေကျု ဒီလို ဆန်းသစ်ပြီးလည်း ချုပ်လို့ရတယ်လို့သိရတာပေါ့။ ဒါပေမယ့် ကိုယ့်ရိုးရာအဆင်ကို အမြင်ရိုင်းအောင်တော့ မထွင်စေချင်ဘူးပေါ့။ ပွဲမှာပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက်အထူးဘဲဝမ်းမြောက်မိပါတယ်။ ဖျော်ဖြေခွင့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”ဟု အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထို့ပြင် “ကရင်ပြည်နယ်မှာ ဒီလို ပွဲမျိုး ကျင်းပတာ၊ ပြုလုပ်ပေးတာ မရှိသ လောက်ပါဘဲ၊ အခန်းကဏ္ဌတစ်ခုအ နေဖြင့် ပါဝင်ရလို့ ၀မ်းသာပါတယ်။ ရိုးရာ လက်ရာတွေ မမြင်မတွေ့ဘူးတဲ့ ယခုလူငယ်တွေအတွက် အကျိုးရှိမယ် မျှော်လင့်ရပါတယ်၊ ခေတ်ရဲ့စီဆင်းပြောင်းလဲမှုနောက် တို့ကရင် ဆင်ယင်မှုတွေလည်း ပြောင်းလဲလာတာတွေ့ရသလိုမျိုး အချို့အချို့သောအမြင်များတော့ negative ရှိတာပေါ့လေ၊ ဒါတော့ရှိရမှာဘဲ၊ လက်ခံနိုင်စွမ်းရှိရပါမယ် ပြောင်းလဲမှုနောက်မှာ လိုက်ရင်း နဂိုမူလ အရင်းအမြစ်တော့ မပြောင်းလဲရင် ဒါက သိပ့်ကောင်းတဲ့ လမ်းကြောင်းလေးပါ။ ပြောင်းလဲသင့်တယ်၊ အမြင်လဲ ဆန်းသစ်လာမယ်၊ နိုင်ငံတကာမှာလည်း တို့ကရင် ချည်၊ လက်ရာ၊ဒီဇိုင်းတွေလည်း ထိုးဖေါက်လာနိုင်မယ်။ ဒီပွဲကိုလည်းတက်ရောက်ကြည့်ရှုစေချင်တယ်၊ လေ့လာစေချင်၊ဝေဖန်သုံးသပ်စေချင်တယ်။”  လို့လည်း ဖျော်ဖြေရေးအဖွဲ့ဝင် နောက်တစ်ဦးကလည်း ဆင်ယင်မှုပွဲတော် စီစဉ်ကျင်းပရေးကော်မတီအား ဝေမျှပြောကြားသွားခဲ့ပါတယ်။

ဆင်ယင်မှုပွဲတော် ဖက်ရှင်ပြိုင်ပွဲကို စက်တင်ဘာလ (၁)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် ကန်သာဦးခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ဒုံးယိမ်းအကအလှများ၊ မူကြိုကျောင်းမှ ကလေးသူငယ်များ၏ အလှပြ ဖက်ရှင်ရှိုးများ၊ အဝတ်အစားဖက်ရှင်နှင့် ဝင်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ ဒီဇိုင်းနှင့် အလှပြလျှောက်လှမ်းတွင် တင်ဆက်ပြသမှုများ၊ ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်မည် ဖြစ်ပါသဖြင့် မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

ဆင်ယင်မှုပွဲတော် စီစဉ်ကျင်းပရေးကော်မတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s